မေမေတို့ ရင်သွေးလေး အတွက်အချက် ကောင်းစေဖို့ဆိုရင်
အတွက်အချက်ဆိုတာက တစ်နည်းအားဖြင့် ပြောရရင် သင်္ချာပါ။ သင်္ချာကို မိဘတိုင်းက အင်္ဂလိပ်စာလောက် အားမပေးတတ်ကြတော့ ကလေးတွေက အတွက်အချက် မကျွမ်းကျင်ကြသလို သင်္ချာဆိုရင်လည်း ကြောက်ကြပါတယ်။ တကယ်ကတော့ သင်္ချာကို ကောင်းကောင်းတတ်မြောက်ရေးကလည်း ကလေးတစ်ယောက် ထက်မြက်စွာ ကြီးပြင်းလာရေးမှာ အတော်လေး အရေးပါတာပါ။
ဒီတော့ ကလေးကို အတွက်အချက်ကောင်းစေချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ လုပ်ဆောင်ပေးလို့ ရပါတယ်။
ကလေးကို ချက်ပြုတ်ခိုင်း။ မုန့်ဖုတ်ခိုင်းပါ
ကလေးကို ဆား ဘယ်လောက် ထည့်မယ် သကြား ဘယ်လောက် ထည့်မယ် ဆိုတာတွေကို ပြောပြရင်း ချက်ပြုတ်ခိုင်းတာက ကလေးကို အတွက်အချက်တွေကို သင်ပေးနေတဲ့ နည်းလမ်း တစ်မျိုးပါ။ သက်တောင့်သက်နဲ့ အတွက်အချက် သင်ပေးနေတာပါ။
ဈေးဝယ်ရင် ခေါ်သွားပြီး ကူခိုင်းပါ
ဈေးဝယ်သွားရင် ကလေးကို ခေါ်သွားပြီး ဘာလေး ဘယ်နှခု ယူပေးပါ။ ဘယ်အသီးလေးကိုတော့ဖြင့် ဘယ်နှလုံး ယူပေးပါတွေ လုပ်ခိုင်းရင်း အရေအတွက်ကို သိနိုင်စေဖို့ လုပ်ပေးပါ။
အိမ်မှာ သင်္ချာတွက်တိုင်း ကစားပါ
ကလေးကို တွက်ချက်ရတဲ့ ကစားနည်းတွေနဲ့ ကစားစေတာက အတွက် အချက်ကောင်းစေမယ့် နည်းလမ်း တစ်ခုပါ။
ကလေးကို တွက်ချက်ခိုင်းပါ။ ရေတွက်ခိုင်းပါ
ပစ္စည်းလေးတွေ ကစားစရာလေးတွေကစလို့ အစားအစာတွေအဆုံး အရာရာတိုင်းကို ကိုယ်တိုင်က တွက်ချက် ရေတွက်ပြရင်း ကလေးကိုပါ တွက်ချက်ရေတွက်ခိုင်းပါ။ ဒီလို လုပ်ဆောင်ပေးတာက ကလေးကို သင်္ချာစွမ်းရည် တိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။
သင်္ချာစာအုပ်တွေ ဖတ်တတ်အောင် လုပ်ပေးပါ
ကလေးရဲ့ ဖတ်စရာ စာအုပ်စာရင်းထဲမှာ သင်္ချာ စာအုပ်တွေကိုပါ ထည့်ထားပေးပါ။ ဒီလိုမျိုး လုပ်တာက နေ့စဉ် အလေ့အကျင့် ရစေပြီး ကလေးကို တွက်ချက်မှု စွမ်းရည် တိုးလာစေမှာပါ။
နေ့တိုင်းမှာ သင်္ချာနဲ့ လက်ပွန်းတတီး ရှိအောင် လုပ်ဆောင်ပါ
နေ့တိုင်းမှာ သင်္ချာကို လက်ပွန်းတတီး ရှိအောင် လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာ ကလေးရဲ့ အတွက်အချက် စွမ်းရည်ကို တိုးတက်စေမှာပါ။
ကလေးကို တွက်ချက်မှု စွမ်းရည်ကောင်းစေဖို့ အခုပြောခဲ့တာလေးတွေကို ပုံမှန်လေး လုပ်ဆောင်ပေးပါ။
မွန်မွန်